-မြင်းခြံ-(၁)
ဒီရာဇ၀င်ကိုတော့
ဘယ်သူမှတုတ်ထမ်းမငြင်းခဲ့ကြဘူး
ပဉ္စပါပီရဲ့ ဖွားဖက်တော်လို့
အခေါ်ခံချင်ပုံရတဲ့မြို့ ။
မိုးရေချိန်လက်မနည်းနည်း
အပူချိန်ဒီဂရီများများနဲ့
ဘယ်လိုကြီးကြီးကျယ်ကျယ်မျိုးစေ့မျိုးမှ
မပေါက်ရောက်မရှင်သန်နိုင်တဲ့မြို့ ။
မီးသတ်ကားဥသြသံနဲ့ သံချောင်းခေါက်သံတွေ
ကြားရတိုင်း၊ရောက်ရာအရပ်ကနေ
အိပ်မက်တွေထုပ်သိမ်းပြေးလွှား
အလန့်တကြားဖြစ်ဖြစ်နေရတဲ့မြို့ ။
ဒီမြို့လေးထဲမှာ
စာရူးကဗျာရူးလူငယ်ခြောက်ဆယ်
ဘွဲ့ရပညာတတ်ခပ်များများ
တစ်နေကုန်ငါးမျှားသူလူခြောက်ရာ
တစ်နာရီအထက်လက်ဘက်ရည်ဆိုင်ထိုင်နိုင်သူ
သုံးထောင်
ညဉ့်နက်သန်းခေါင်ဘောပွဲမှာ
အာပေါင်အာရင်းသန်သူနှစ်ထောင့်နှစ်ရာ့အစိတ်
ဆေးလိပ်သမပေါင်းနှစ်သောင်းခြောက်ရာ
အသီးသီးပါဝင်ဖွဲ့စည်းထားတာ
အဲဒီမြို့ရဲ့ရာသီဥတုက
ရာသီအလိုက်ပွဲတော်ကြီးတွေကို
ချုံ့လိုက်ချဲ့လိုက်မိတ္တူကူး
လူတိုင်းနာရီပတ်မထားပါဘူး
အိမ်တိုင်းမှာလိုက်ကာတွေမရှိပါဘူး
ဒါပေမဲ့ နွားလှည်းကနေမာစီးဒီးအထိ
နဗျင်းထည်ကနေဂျော်ဒါးနိုးအထိရှိ
အတွင်းကြိတ်ဆူတတ်တဲ့
လက်ဘက်ရည်ဆိုင်အူသံတွေရှိ
ဖရိုဖရဲကြွေးစာရင်းတွေနဲ့
ခေတ်ပေါ်ငွေကြေးဝန်ဆောင်မှုတွေရှိ
မူးလို့ရှုစရာ
အနုပညာမြောက်အခင်းအကျင်းဆိုတာတော့
တစ်စက်မှမရှိ ။
အခုထိတော့အားလုံးဟာ
က္ကုနြေ္ဒမပျက် နဂိုနေမပျက်
ဂလိုဘယ်လိုက်ဇေးရှင်းဇာတ်ထဲမှာ
ဘယ်လိုပဲ ကရ ကရ
မျိုးဆက်သစ်တွေကတော့
အပြုံးမပျက် အရှုံးမတွက်ဘဲ
အလုံးတွေတွက်နေတုန်း
ချွေးထွက်များခဲ့ပါတယ်
ရေ၀အောင်မချိုးရဘူး
တို့မြို့လေးကခေါင်တယ်လေ ။
-မြင်းခြံ-(၂)
တိမ်ကောလု နီးပါး
ချောင်းငယ် နှစ်စင်း
တံတား နှစ်စင်း
တောင်ပုလု နှစ်လုံး နဲ့ 
ရဟန္တာ နှစ်ပါး စောင့်ရှောက်တဲ့ မြို့ ...
အဲဒီ မြို့ ကြီးပေါ့...
တမာရိပ် ထနောင်းရိပ်အောက်မှာ
စွပ်ကျယ် လက်ပြတ်ကြီးနဲ့ 
ဆေးပေါ့လိပ်ကြီးဖွာ လို့ 
ဧရာဝတီ မြစ်ကြီးကို မေးတင်နေပုံများ..
တကယ်ပါ..ခင်ဗျားတို့ ကို လာကြည့်စေချင်တယ်....(လုလင်ငယ်သွေး)
-မြင်းခြံ-(3)
နေပူချင် ပူ
်
ရေဆူချင် ဆူ
နေပူလို့ ရေဆူရင် လက်ဖက်ခြောက်ခတ်
သောက်ပြီး အေးအေး လူလူ နေမယ့်မြို့။
တမာရိပ် ထနောင်း ရိပ်နဲ့
နွေ ကို
သိမ်းပိုက်မယ့် မြို့။
နေပူပူ လေအကူ မှာ ဖုန်တွေဝေလို့
ပုဇွန်ဆိတ်ခုန် ရင် သိမ့်တုန်
ထန်းရည်ခါးတွေမြူးတဲ့ မြို့။
ဆေးပေါ့လိပ်မှာ တံဆိပ်ကပ်ပြီး
တစ်နိုင် ငံလုံး ခြေဆန့် တဲ့ မြို့။
ဂျင်းဘောင်းဝတ်ချင် တဲ့လူငယ်တွေ
တောင် သူဦး ကြီး တွေ
မိုးမျှော် တဲ့ မြို့။
မိုဘိုင်းစတိတ် ရှိုး-----နဲ့
ရာသီစာ ပွဲတော်------နဲ့
လမ်းသလား ရှိုးများတဲ့ မြို့။
ဧရာဝတီကို မေးတင် ထားပြီး
မြစ်ဆုံ အ ရေး လက်မ နှေး ပဲ
ကျေးဇူးသိ တတ်တဲ့ မြို့။
ဘာသာ ၄ မျိုး ကို
ရဟန္ဓာ ၂ပါး စောင့် ရှောက် ထားတဲ့မြို့။
ု
ပရိယတ္တိ ပရိပတ္တိ မှာ
ရဟန်းပါးဝ လူပါးဝလို့
ခြေစွာလက်စွာ ရှိတဲ့ မြို့။
ထောင် ကို
ကိုယ့် အိမ်ကိုယ့် ယာလို
နိုင် ငံရေး သမား ဝင် ထွက် သွားတဲ့မြို့။
ဆရာတင် မိုး မောင် စွမ်းရည်
လေလည်ခဲ့
စာခို ကျီးကန်း ပျံကျသမား
တီကောင် လယ်ထွန်စား တဲ့
မောင် လူမှိန် ရဲ့ မြို့။
ကျုပ်ကိုမွေးပြီး ကျုပ်ပြန်မ မွေးပေးသေးနိုင်
ပေမယ့်
ကျုပ် ရဲ့နောက်ဆုံးတောင် ကုန်း
ကျဆုံးပစ်မယ့် မြို့။ု
ဟောဒီမြို့ကြီးလေ(လုလင် ငယ်သွေး ရေး)
စွပ်ကျယ်လက်ပြတ်ကြီးနဲ့
ဆေးပေါ့လိပ်ကြီးဖွာလို့
တမာရိပ်ထ နောင်းရိပ်မှာ
ဧရာဝတီကို မေးတင် ထားလိုက်ပုံများ
ခင် ဗျားတို့လာ ကြည့် စေချင် တယ်။
Credit ZinmyoMyo
အညာမြေကိုလွမ်းတယ်
(မြင်းခြံမြို့ကကြိုဆိုပါ၏)
ဆိုင်းဘုတ်နဲ့အတူ ဖော်ရွေးအပြုံ့
ဖြူစင်စိတ်ထား ပေါးကြွယ်
လှတဲ့အညာမြေက ဒီမြို့လေးကို
လွမ်းနေမိတယ်။ ။ ။
တမာတန်း ထနောင်ပင်ကလေး
တွေစီညီ လှတဲ့လာသူကို
ဘဝင်ခိုက် ထန်းပက်ရိပ်
အောက် အေးမြတည်ကြည်
ဘုရား စုံညီဖူးမျော်ခွင့်တွေ
ဝေးကွာ ခဲ့တာကြာပြီမို့
အညာမြေက ဒီမြို့လေး
ကိုလွမ်းတယ်။ ။ ။
တောင်ယာစိုက်ခင် ရိုးသားဖြူစင်
တောဓလေ့ဟန် အပြည့်ရှိတဲ့
ရိုရာဘုရားပွဲ ဂုဏ်သတင်းနဲ့
ပြည့်စုံနေတဲ့ တောမြို့လေး
ကိုလွမ်းတယ်။ ။ ။
မြို့ကြီးပြကြီး အရိပ်ခေတ်တခဏ
ခိုးလုံရပေမဲ့ နွေထွေးမှု့တွေ
ပေါးကြွယ်လှတဲ့ ဒီမြို့လေး
နဘေးကရွာငယ် လေးကို
လွမ်းတယ်။ ။ ။
အချိန်တန် အိမ်ပြန်ရမည့်
ရက်ကလေးကို လက်ချိုး
ရေလို့အဝေးတစ်မြေက
အမေ့ရဲ့ မေတ္တာရိပ်နဲ့
အဖေ့ရံ့ နွေထွေးမှု့တွေ
ဝန်ရံ ဖြူစင်အပြုံ့
ပေးစွမ်းနိုင်တဲ့ မိတ်ဆွေ
သူငယ်ချင်းတို့ ရေ
အခါမရှိ ရွာတဲ့မိုးနဲ့
မလေးရှာ မြေက
ငါတစ်ယောက်
တစ်ချို့သော
အညာသားတွေ
လိုလွမ်းမျက်ရည်
လည်လို့ အန်င်္ထွတ်လာတဲ့
ကဗျာတစ်ပုဒ်နဲ့အတူ
ပြန်ခဲ့ပါအုံးမည်။ ။ ။
ကဲ..မြို့ လေးကိုလွမ်းစေမဲ့ ကဗျာလေးတစ်ပုဒ်
မို.လေးတမြို.
ချွေးလေးစို.အောင်
နွေခေါင်ခေါင်မှာ
ပူပင်ပူငြား
မမှုအားပါသည့်
မြို.သားမြို.သူ
ထန်းပင်ထန်းတော
လွမ်းမောစရာများနဲ.
ထန်းလျက်ပေါတဲ့မြို.
တို.ရဲ.မြို.လေး၊
မြန်ပြည်တလွှား
နာမည်ကျော်ကြား
လူကြိုက်များပါသည့်
ဆေးပေါ့လိပ်များထွက်ရှိရာမြို.
ငါတို.မြို.လေး၊
အများသူငါကြိုက်ကြပါတဲ့
နံပတ်တစ်ပြေး
အညာကဆေးဟု
နာမည်ကျော်ကြား
ထင်ရှားပါသည့်
ဆေးရွက်ကြီးများ
ထွက်ရှိရာမြို.
ငါတို.မြို.လေး၊
ချည်မှာအစစ်
နပြင်းထည်လက်ဖြစ်
ထွက်ရှိရာမြို.
ငါတို.မြို.လေး၊
ဘယ်နေရာ
ဘယ်မှာရောက်
အချိန်တန်၊အခါရောက်ရင်ဖြင့်
တမာနံ.သင်း၊မြေနံ.သင်းတဲ့
တို.မြို.လေးကို
မွမ်းမံဖို.ရာ
ငါပြန်လာမည်
ပြန်ခဲ့မည်
ငါသိပ်ချစ်တဲ့မြို.လေးဆီ။
( TMW)
No comments:
Post a Comment